သင့်ရဲ့ တစ်နိုင်တစ်ပိုင် စားသောက်ကုန်လုပ်ငန်းကို နောက်တစ်ဆင့်တက်အောင် ပြောင်းလဲကြည့်ဖို အဆင်သင့်ဖြစ်ပြီလား?
တူညီတဲ့ထုတ်ကုန်တွေကို ထုတ်လုပ်နေကြတဲ့လူတွေကြားထဲ ပြိုင်ဆိုင်မှုတွေဟာတဖြည်းဖြည်းများလာပါတယ်။ Brand ကို လူတွေ မှတ်မိပြီး ယုံကြည်အောင် ဘယ်လိုတည်ဆောက်ရမလဲဆိုတာလည်း စိန်ခေါ်မှုတစ်ခု ဖြစ်လာတယ်။ ဒီလိုအခက်အခဲတွေက Founder တော်တော်များများ ကြုံရတဲ့ အဆင့်တစ်ခုပါ။
အဲ့ဒီအချိန်မှာ ကိုယ့်ရဲ့စားသောက်ကုန်ကောင်းရုံတစ်မျိုးတည်းနဲ့ မလုံလောက်တော့ပါဘူး။
မှန်ကန်တဲ့နည်းလမ်း၊ ကောင်းမွန်တဲ့လုပ်ငန်းလည်ပတ်ပုံနဲ့ လက်တွေ့အသုံးချနိုင်တဲ့ စီးပွါးရေးဆိုင်ရာအသိပညာတွေ လိုအပ်လာပါတယ်။
လူတော်တော်များများဟာ နောက်တစ်ဆင့်ရောက်အောင်ပြောင်းလဲဖို ကိုယ့်ကိုယ်ကို အဆင်သင့်မဖြစ်သေးဘူးလိုယူဆပြီး အပြောင်းအလဲလုပ်ရမှာကို ကြောက်ကြပါတယ်။
အဲ့ဒီလိုမျိုး တစ်နိုင်တစ်ပိုင်စားသောက်ကုန်လုပ်ငန်းရှင်တွေအတွက် “Global Food Safety Institute” ကနေ ၁၀ ပတ်တာ "Ready. Set. GROW." Program ကို ဖန်တီးပေးထားပါတယ်။
Program ကာလ : စက်တင်ဘာ ၅ ရက် မှ နိုဝင်ဘာ ၇ ရက် (အပတ်စဉ် စနေနေ့တိုင်း)
အချိန် : မနက် ၁၀:၀၀ မှ ညနေ ၄:၀၀
နေရာ: Pepsi Myanmar Office (Meliá Office Tower) ရန်ကင်းမြိုနယ်
ရန်ကုန် : လူတွေ့ (In-person )
အခြားတိုင်းဒေသကြီးများ : အွန်လိုင်းမှတဆင့် (Live Online)