● ဝယ်သူတိုင်းကို ယဉ်ကျေးစွာ၊ လျှင်မြန်စွာနှင့် ကျွမ်းကျင်စွာ ကြိုဆိုဧည့်ခံရန်။
● ကုန်ပစ္စည်းများကို စကင်ဖတ်ရန်နှင့် POS စနစ်ကို တိကျစွာ အသုံးပြုရန်။
● အရောင်းမပြီးဆုံးမီ ပစ္စည်းအရေအတွက်၊ စျေးနှုန်းနှင့် လျှော့စျေးများကို အတည်ပြုရန်။
● ငွေသား၊ MMQR၊ မိုဘိုင်းငွေချေစနစ်များနှင့် အခြားခွင့်ပြုထားသော ငွေချေစနစ်များကို လက်ခံရန်။
● ပြေစာထုတ်ပေးရန်နှင့် အဝယ်တော်ထံ ပြန်အမ်းငွေ မှန်ကန်စွာ ပေးအပ်ရန်။
● ညဆိုင်းတစ်လျှောက် ငွေသားလက်ကျန် စာရင်းမှန်ကန်စေရန် ထိန်းသိမ်းရန်။
● စနစ်တကျ ငွေသားရေတွက်ခြင်းနှင့် ဂျူတီလွှဲပြောင်းခြင်းများ ပြုလုပ်ရန်။
● ငွေသားလိုအပ်ချက်၊ ပိုလျှံမှု၊ စျေးနှုန်းမှားယွင်းမှု သို့မဟုတ် POS စနစ်ပြဿနာများကို ချက်ချင်း အစီရင်ခံ
ရန်။
● ငွေကိုင်ကောင်တာ၊ စျေးဝယ်ဧရိယာနှင့် မိမိတာဝန်ကျသော အပိုင်းများကို သန့်ရှင်းသပ်ရပ်စွာ ထားရှိရန်။
● လူပါးချိန် (လူရှင်းချိန်) များတွင် စင်ပေါ်၌ ပစ္စည်းများ ပြန်လည်ဖြည့်တင်းခြင်းနှင့် စီစဉ်ခြင်းများ ပြုလုပ်ရန်။
● စျေးနှုန်းများကို ရှင်းလင်းစွာနှင့် မှန်ကန်စွာ ပြသထားကြောင်း သေချာစေရန်။
● ကုန်ပစ္စည်းများ၏ သက်တမ်းကုန်ဆုံးရက်များကို စစ်ဆေးရန်နှင့် သက်တမ်းကုန်ခါနီး သို့မဟုတ် ကုန်လွန်
ပြီး ပစ္စည်းများကို အစီရင်ခံရန်။
● ကုန်ပစ္စည်း လက်ခံခြင်း၊ စစ်ဆေးခြင်း၊ အမှတ်အသားတံဆိပ်ကပ်ခြင်းနှင့် ခင်းကျင်းခြင်းတို့တွင် ကူညီရန်။
● အဝယ်တော်များအား လက်ရှိ ပရိုမိုးရှင်းများနှင့် အကြံပြုလိုသော ပစ္စည်းများအကြောင်း အသိပေးရန်။
● အဝယ်တော်များ၏ မေးခွန်းများနှင့် စိုးရိမ်ပူပန်မှုများကို ယဉ်ကျေးစွာနှင့် ထိရောက်စွာ အကြောင်းပြန်ရန်။
● ပစ္စည်းပြန်အပ်ခြင်း၊ လဲလှယ်ခြင်း၊ လျှော့စျေးပေးခြင်းနှင့် စာရင်းပယ်ဖျက်ခြင်းတို့အတွက် ကုမ္ပဏီ၏
လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်။
● ကုမ္ပဏီ၏ ငွေသား၊ ကုန်ပစ္စည်း၊ ကိရိယာတန်ဆာပလာနှင့် အခြားပိုင်ဆိုင်မှုများကို ကာကွယ်ရန်။
● ခိုးယူမှု၊ လိမ်လည်မှု၊ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများ သို့မဟုတ် ပစ္စည်းပျောက်ဆုံးမှုများကို နိုးနိုးကြားကြား
စောင့်ကြည့်ရန်။
● ညပိုင်းဆိုင်ဘေးကင်းလုံခြုံရေးနှင့် အရေးပေါ်လုပ်ထုံးလုပ်နည်းများ အားလုံးကို လိုက်နာရန်။
● လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများ၊ အရေးပေါ်အခြေအနေများ သို့မဟုတ် မူမမှန်သော ဖြစ်စဉ်များကို ကြီးကြပ်
ရေးမှူး သို့မဟုတ် တာဝန်ရှိမန်နေဂျာထံ ချက်ချင်း အစီရင်ခံရန်။
● တံခါးများ၊ ကန့်သတ်ဧရိယာများနှင့် ဆိုင်သုံးပစ္စည်းများကို ကုမ္ပဏီ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ
စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ရန်။
● ဂျူတီပြီးဆုံးချိန် စာရင်းများကို ပြည့်စုံစွာ ဖြည့်သွင်းရန်နှင့် ငွေသား၊ POS အချက်အလက်များနှင့် ကျန်ရှိ
သော ကိစ္စရပ်များကို နောက်ဂျူတီသို့ စနစ်တကျ လွှဲပြောင်းပေးရန်။
● ကြီးကြပ်ရေးမှူးမှ ပေးအပ်သော အခြားသင့်တော်သော ဆိုင်တာဝန်များကို ဆောင်ရွက်ရန်။